ကျိုက်မရော နိုဝင်ဘာ ၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း နွေစပါးစိုက်ဧက ၅၁၃ ဧက စိုက်ပျိုးရန်လျာထားပြီး အောက်တိုဘာလကုန်အထိ (၅၇၃)ဧကအထိ ပိုမိုစိုက်ပျိုးနိုင်ခဲ့ရာ နွေစပါးများ စျေးကောင်းရရှိရန် တောင်သူများမျှော်လင့်လျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကအသက်မွေးဝမ်းကြောင်းပြုပြီး အဓိကမိုးစပါးဧက ရိတ်သိမ်းပြီးသည်နှင့်တူးမြောင်းရေကိုအသုံးပြုကာ ရေကျနောက်လိုက် စပါးမျိုးများကို စက်တင်ဘာလကုန်မှ စတင်စိုက်ပျိုးကာ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးထားကြပြီး နွေစပါးများ ယခုအချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် တောင်သူလယ်သမားများအနေဖြင့် နွေစပါးရိတ်သိမ်းပြီးချိန်တွင် စပါးစျေးကောင်းရရှိရန် မျော်လင့်လျက်ရှိကြောင်း နတ်စမ်းကျေးရွာကွင်းအမှတ် ၅၈၄(ခ)တွင် စိုက်ပျိုးနေသည့် တောင်သူဦးစောဟန်၏ ပြောပြချက်အရ သိရသည်။
နွေစပါးမျိုးများစိုက်ပျိုးရာတွင် ဧည့်မထစပါး မျိုးကောင်းများကို စိုက်ပျိုးပြီးသက်တမ်းကာလမှာ ရက်တစ်ရာဖြစ်ကြောင်း သိရသည်။
မိချို(ပြန်/ဆက်)