ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့ကျေးရွာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

ချောင်းဆုံ နိုဝင်ဘာ ၂

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်မီတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့ပူးပေါင်းကာ (စံပြကျေးရွာ)အဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒေါင်းရပ်အရှေ့ကျေးရွာခန်းမတွင် နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများကို ရှင်းလင်းပြောကြားပြီးနောက် ပြည်သူများအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းနှင့် ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)