ကျိုက်ထိုမြို့နယ်၌ အယ်နီညိုနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နိုင်မည့် အခြေအနေများအား ကြိုတင်အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုက်ထို နိုဝင်ဘာ

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အယ်နီညိုရာသီဥတုနှင့် ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နိုင်မည့် အခြေအနေများအား ကြိုတင်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဘိုရားကြီးကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကျိုက်ထိုမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်သူက အယ်နီညိုရာသီဥတုကြောင့် ငါးမွေးမြူရေးလုပ်ငန်းများတွင် ထိခိုက်လာနိုင်ကြောင်း၊ အပူချိန်မြင့်မားမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးသက်ရောက်မှုနှင့် ကြိုတင်ကာကွယ်ရန် နည်းလမ်းးများအကြောင်း၊ အယ်နီညိုရာသီဥတုကြောင့် ငါး၊ ပုစွန်၊ ဂဏန်း မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှောင်ရန်/ဆောင်ရန် နည်းလမ်းများအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသော တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များနှင့် ရေလုပ်သားများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝင်းမောင်