မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အတွက် ကုသရေးဦးစီးဌာန၏ မူဝါဒဖြစ်သည့် “ဆေးရုံအခြေပြုကုသရေးလုပ်ငန်းနှင့် ပြည်သူလူထုအတွင်း ကွင်းဆင်းကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်”နှင့် ရည်မှန်းချက် ၃ ခု အနက် “ကျန်းမာရေးစောင့်ရှောက်မှုအခြေ အနေလွှမ်းခြုံမှုတိုးတက်ရေး” အရ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ် ပြည်သူ့ကျန်မာရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်များအဖွဲ့က ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ကျိုက္ခမီမြို့ ဓမ္မစေတီရပ်ကွက်ရှိ သီရိဇေယျာခန်းမတွင် ပြည်သူများအား အခမဲ့ကွင်းဆင်း၍ ဆေးကုသနေမှုအား ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်၍ ကြည့်ရှုအားပေးခဲ့သည်။