တန်ဆောင်တိုင်ကာလရုံးပိတ်ရက်များအတွင်း မြို့ပေါ်ရပ်ကွက်များ၌ စတုဒိတာကျွေးမွေးသူများ အပန်းဖြေသူများဖြင့်စည်ကား

ကျိုက်မရော နိုဝင်ဘာ ၂၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အထင်ကရနေရာများနှင့် တန်ခိုးကြီးဘုရားများ၌ တန်ဆောင်တိုင်ပွဲတော် ရုံးပိတ်ရက်ကာလအတွင်း၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ၊ စတုဒိသာကျွေးမွေးသူများ လာရောက်စားသုံးသူများဖြင့် နေရာအနှံ့အပြား၌ စည်ကားသာယာ လျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့၏ သမိုင်းဝင်တန်ခိုးကြီးဘုရားများဖြစ်သော ဆုတောင်းပြည့်ဘုရားကြီး၊ ဘားဘောင်ဂူ၊ စံပယ်ဂူ၊ ပျားတောင်တို့၌ တန်ဆောင်မုန်း လပြည့်အကြို ဒေသန္တရခရီးသွားလာသူများ၊ အပန်းဖြေအနားယူသူများ၊ မဟာဘုံကထိန်လှည့်လည်ပွဲများ၊ ကထန်သင်္ကန်းဆက်ကပ် သူများဖြင့် အထူးစည်ကားသာယာနေပြီး ဘုရားကြီးတန်ဆောင်းရှိ သာ့သနာ့ဗိမ္မာန်တော်ကြီး စတုဒိသာမဏ္ဍပ်၌ သတ်သတ်လွတ်ထမင်းဟင်းများ၊ ဘူးသီးကျော်များဖြင့် ကျေးမွေးလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ခရီးသွားများ၊ ဒေသခံပြည်သူများဖြင့် စည်ကားသာယာလျက်ရှိကြောင်း သိရ သည်။

မိချို (ကျိုက်မရော)