မုဒုံမြို့ရှိ ဘုရားစေတီပုထိုးများတွင် (၉၇)ကြိမ်မြောက် မသိုးသင်္ကန်း ကပ်လှူပူဇော်

မုဒုံ နိုဝင်ဘာ ၂၇

မွန်ပြည်နယ် မုဒုံမြို့တွင် (၉၇)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ညက သမိုင်းဝင် ဆံတော်ရှင်ကန်ကြီးစေတီတော်ရင်ပြင်၌ ကျင်းပသည်။

ရှေးဦးစွာ ကန်ကြီးစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများ၊ ယာဝဘောဇနကျောင်းမှ ဘဒ္ဒန္တ ကေတုဝါရ၊ ကန်ကြီးစေတီတော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ် ဘုရားရှိခိုး ကန်တော့ကြပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလခံ ယူဆောက်တည်သည်။ ထို့နောက် အလှူရှင်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီးထံ မသိုးသင်္ကန်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး စေတီတော်အား လက်ယာရစ်တစ်ပတ်ပတ်ကာ စေတီတော်ကြီးတွင် ကပ်လှူ ပူဇော်ခဲ့ကြသည်။

ထို့နောက် မြို့အတွင်းရှိကန်ကြီးစေတီတော်၊ နောင်တော်ကြီး စေတီတော်၊ ကျိုက်ကမော့လေးတောင်ပေါ် စေတီတော်၊ တောင်ခြေစေတီတော်၊ ဆုတောင်းပြည့် စေတီတော်၊ သ​င်္ဘောဦးစေတီတော်၊ ပြည်တော်အေး ဆုတောင်းပြည့်စေတီတော်နှင့် ဘိုးဘွားရိပ်သာ စေတီတော်ဘုရားတို့တွင် တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များတို့က သွားရောက်ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)