မွန်ပြည်နယ်

သထုံမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့၌ စတုဒိသာ လှူဒါန်းကျွေးမွေးသူ များပြား

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)၌ စတုဒိသာ လှူဒါန်းကျွေးမွေးသူ များပြားပြီး ပြည်သူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ကုသိုလ်ဒါနပြုခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်တမော့လဲ့ စေတီတော်မြတ်အား ရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာရှိ ဆံတော်ရှင် ကျိုက်တမော့လဲ့ စေတီတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်းကို တန်ဆောင်မုန်း လပြည့်နေ့ ယမန်နေ့နံနက်ပိုင်းက ကျိုက်တမော့လဲ့စေတီ ရင်ပြင်တော်၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲ၊ ဆွမ်းအိုးမျှောပွဲနှင့် ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်မြတ် (၂၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ တက်ရောက်

တန်​ဆောင်မုန်းလပြည့်​နေ့ (သာမညဖလ အခါသမယ​)တွင် မွန်ပြည်နယ်ရှိ အထင်ကရ တန်ခိုးကြီးဘုရား​၊ စေတီများတွင် ဘုရားဖူး ကုသိုလ်ယူကြသူများ၊ ​မြို့နယ်အသီးသီးတွင် ပျော်ပွဲရွှင်ပွဲများ၊ စတုဒိသာကျွေး​မွေးခြင်းများဖြင့် စည်ကားလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ဆိပ်ကမ်းသာတံတားတွင် ကျင်းပသည့် ရှင်ဥပဂုတ္တမ​ထေရ်မြတ် ပူ​ဇော်ပွဲနှင့် ဆွမ်းအိုး​မျှောပွဲသို့ ​မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် (၇၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျိုက်ထိုမြို့နယ်တွင် (၇၄)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓ၊ ပမုခ၊ သံဃိက မဟာဘုံကထိန်ပွဲတော်အား  မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်(သာမညဖလ) အခါ‌တော်နေ့ဖြစ်သည့် ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် မြို့နယ်သာသနာ့ ဗိမာန်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မော်လမြိုင်မြို့၌ ရိုးရာဓလေ့ ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပွဲနှင့် စတုဒီသာ ကျွေးမွေးမှုများဖြင့် စည်ကား

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို နှစ်စဉ် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ  တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)မတိုင်မီ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် ဆီမီးများထွန်းညှိပူဇော်ခြင်း၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက် အရုဏ်တက်ချိန် ရှင်ဥပဂုတ္တမထေရ်မြတ်အား ဆွမ်းအိုးမျှောကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် အခါကြီး ရက်ကြီးတွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အာဟာရဒါန စတုဒိသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာလမ်းများ၊ တောင်ရိုးတန်းတလျှောက်တွင် ဧည့်ခံကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူကြသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် မုဒုံမြို့နယ်အတွင်းရှိ ဘုရားစေတီများ၌ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား

၂၀၂၃ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညအခါတော်နေ့)တွင် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများတွင် ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ပေါင်မြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့တွင် စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိ

ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ(၂၇) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စတုဒီသာကျွေးမွေးသူများ၊ အလှူဒါနပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့၌ ပြည်သူများ ကုသိုလ်ဒါနပြုခြင်း၊ မဟာဒုတ်ဆွမ်းကပ်လှူခြင်းတို့ဖြင့် စည်ကားလျက်ရှိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်ပြည်သူတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်း လပြည့်နေ့တွင် ကန်သာယာ ရပ်ကွက်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲနှင့် စာရေးတံမဲ လှူဒါန်းပွဲသို့ ကြွရောက်‌တော်မူကြမည့် သံဃာတော်၊ အရှင်သူမြတ်တို့အား မဟာဒုတ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဗဟိုမဏ္ဍပ်များနှင့် အလှူရှင်များ၏ နေအိမ်အသီးသီးတို့၌ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်းရက်ခတ် ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်း ရက်ခတ်ပူဇော်ပွဲကို နိုဝင်ဘာ(၂၆)ရက် ညပိုင်း၌ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် တန်ဆောင်မုန်း လပြည့်နေ့၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တန်ဆောင်မုန်းလပြည့် (သာမညဖလ)အခါတော်နေ့၌ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို နံနက်(၈)နာရီတွင် ကျိုက်ထိုမြို့နယ် ကျိုက်ပေါလောမှဲ့ရှင်တော် ဘုရားမှ မြို့နယ်သာသနာ့ဗိမ္မာန် လမ်းတလျှောက် လောင်းလှူခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်