သံဖြူဇရပ် နိုဝင်ဘာ ၂၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၌ (၂၀၂၃) ခုနှစ် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုသောအားဖြင့် "လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့" အကြိုလှုပ်ရှားမှု အစီအစဥ်အရ ဆေးလိပ်ငွေ့ကင်းစင်ရေး ကျန်းမာရေး အသိပညာပေးခြင်း ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ သီရိဇေယျာခန်းမ၌ ကျင်းပပြုလုပ်သည်။
အသိပညာပေး ဟောပြောပွဲတွင် သံဖြူဇရပ်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်က ဆေးလိပ်နှင့် ဆေးရွက်ကြီးတွင် ပါဝင်သော ဓါတုဆေးပစ္စည်းများအကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် ဖြစ်ပွားသော ရောဂါများအကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးနှင့် ပတ်သက်သည့် ဥပဒေများ၊ "ဆေးလိပ်ငွေ့ကင်းစင် သံဖြူဇရပ်မြို့နယ်တစ်ခွင်" ခေါင်းစဥ်ဖြင့် ဆောင်ရွက်နေသော ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းစဥ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
အဆိုပါအခမ်းအနားကို မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)