မွန်ပြည်နယ်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ သက်သာ‌သောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ယနေ့နံနက်က ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက်စသည့် အခြေခံစားသောက်ကုန်များကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် မြို့နယ်အဆင့်အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီမှ တာဝန်ရှိသူတို့က သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)ရှိ ဝန်ထမ်းများ၊ သင်တန်းသူများနှင့် တွေ့ဆုံ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၃၁ ရက်နေ့က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မုဒုံမြို့)ရှိ ဝန်ထမ်းများ၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။

မုဒုံမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် စပါးဧက ၇၅၀၀၀ ကျော် ရိတ်သိမ်းပြီးစီး

မွန်ပြည်နယ် မုဒုံမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံ တောင်သူများ စိုက်ပျိုးခဲ့သည့် မိုးစပါးစိုက်ဧက ၇၅၀၀၀ ကျော်ကို ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း(ပြည်နယ်အဆင့်)ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ပညာရေးမှူးရုံးမှကြီးမှူးပြီး ကျောင်းသား/ကျောင်းသူများ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာရသည့် ဗဟုသုတများကိုသိရှိနားလည်စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှုစွမ်းရည်၊ သရုပ်ဖော်စွမ်းရည်များ ရရှိစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း(ပြည်နယ်အဆင့်) ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲနှင့် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး

လူထုအားကစားလှုပ်ရှား ဆောင်ရွက်မှုတွင် ငွေကုန်ကျမှု အနည်းဆုံးဖြစ်ပြီး အသက်အရွယ်မရွေး စုပေါင်းလေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှား အားကစားဖြစ်သည့်စုပေါင်း လမ်းလျှောက်ခြင်းသည် အ‌ထောက်အကူပြုပစ္စည်းများ မပါဝင်သော အားကစား လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်နှင့် အညီ ဒီဇင်ဘာ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြု သားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်)၊ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀)ကျော်သည် မော်လမြိုင်မြို့ ရာမညအားကစားကွင်းအတွင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၄၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦအောင်ကြည်သိန်း တက်ရောက်

ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး တည်တံ့ခိုင်မြဲရေး၊ သာသနာတော်၏ အခြေခံအုတ်မြစ် ဖြစ်တော်မူသည့် ပရိယတ္တိသာသနာတော်တည်တံ့အောင် ရွက်ဆောင်တော်မူကြသည့် ပရိယတ္တိဝန်ဆောင် သာသနာ့အာဇာနည်အရှင်သူမြတ်များ အစဉ်ပေါ်ထွန်းစေရန် ရည်ရွယ်၍ မွန်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (၄၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီး၌ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်​တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းသားအားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းများ၏ အားကစားပြိုင်ပွဲများကို ယနေ့နံနက်  ၉ နာရီက အမှတ် ၁ မူလတန်းလွန်ကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ (၁၂)ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၁၂)ကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားကျင်းပခြင်းကို ယမန်နေ့နံနက်(၈)နာရီက ထန်းပင်ချောင်ကြီးကျေးရွာ၌ ပြုလုပ်ခဲ့သည်။

သခွားသီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများ စျေးကောင်းရ၍ မိသားစုဝင်ငွေတိုး

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ် နိတုံကျေးရွာ၌ သခွားသီးစျေးကောင်းရသဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူ ခြံပိုင်ရှင်များ ယခုရာသီတွင် စျေးကောင်းရရှိသဖြင့် မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်မှ လာမည့်နှစ်ဆားထုတ်လုပ်ရာသီတွင် ဆားတန်ချိန် ၄၇၀၀၀ ခန့်ထွက်ရှိရန် မျှော်မှန်းထား

မွန်ပြည်နယ်အတွင်း လာမည့်နှစ် ဆားထုတ်လုပ်ရာသီအချိန်တွင် ဆားကွင်းပေါင်း ၉၀ မှ ဆားတန်ချိန် ၄၇၀၀၀ ခန့်ထွက်ရှိရန်မျှော်မှန်းထားပြီး ပြည်တွင်းဆား စားသုံးမှုလုံလောက်စွာရှိ၍  ပြည်ပသို့တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်ဆားလုပ်ငန်းဌာနမှ သိရသည်။
Subscribe to မွန်ပြည်နယ်