(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းသားအားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျိုက်မရော ဒီဇင်ဘာ ၂၉

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းများ၏ အားကစားပြိုင်ပွဲများကို ယနေ့နံနက်  ၉ နာရီက အမှတ် ၁ မူလတန်းလွန်ကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ကျောင်းသားအားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်း၏ရည်ရွယ်ချက်ကို အ.မ.ကလွန် ကျောင်းအုပ်ဆရာမကြီးဒေါ်သဲသဲမာကပြောကြားရာ ကျောင်းသား၊ ကျောင်းသူများလူငယ်လေးများအား ကိုယ်ကာယကျန်းမာကြံခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော  အားကစားသမားများအား လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်လာစေရန်အတွက် ကျင်းပပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး မူလန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများအား အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ဂုံနီအိတ်စွပ်ပြေးပွဲများကို ကျင်းပပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အားကစာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသူ၊ ကျောင်းသားများအား ဆရာမများက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)