ချောင်းဆုံမြို့နယ်ရှိ ဆီထွက်သီးနှံနေကြာမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးထားရှိမှု အခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ချောင်းဆုံ ဇန်နဝါရီ ၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ တောင်သူများ ဆီထွက်သီးနှံနေကြာနှင့် ပဲအမျိုးမျိုးစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များအသုံးပြု၍ သီးနှံများအရည်အသွေးပြည့်မီကာ အထွက်နှုန်းပိုမိုတိုးတက်လာစေရန်အတွက် မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန မြေ၊ မျိုး၊ ပိုးတာဝန်ခံများမှ ယနေ့နံနက်(၁၀း၀၀)နာရီက နတ်မှော်ကျေးရွာ ကွင်းအမှတ်(၆၃၁)နေကြာမျိုးစေ့ထုတ်စိုက်ခင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆီထွက်သီးနှံနေကြာနှင့် ပဲအမျိုးမျိုးစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် “လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့်သုံးကြစို့” ဆောင်ပုဒ်နှင့်အညီ အရည်အသွေးကောင်းမွန်သော သွင်းအားစုများ မှန်ကန်စွာထည့်သွင်းသုံးစွဲ၍  သီးနှံများတွင် ကျရောက်တတ်သည့် ပိုးမွှားရောဂါအန္တရာယ်မှ ကာကွယ်ရေးနည်းလမ်းများ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန မြေ၊ မျိုး၊ ပိုးတာဝန်ခံက ရှင်းလင်းပြောကြားသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဆီထွက်သီးနှံနေကြာ(၃၁၇၀)ဧက၊ မြေပဲ(၉၅)ဧကနှင့် နှမ်း(၁၁)ဧက စုစုပေါင်းဆီထွက်သီးနှံ(၃၂၇၆)ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)