အ.ထ.က (ခွဲ) ကျိုက်မရော၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ကျိုက်မရော ဇန်နဝါရီ ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရည် ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ..က (ခွဲ) ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ Grade-10 မှ ကျောင်းသား၊ ကျောင်းသူလေးများက ဘက်စုံပညာကိုရည်တို့လှမ်းချီ သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပြီး ..က ခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဒေါ်မိုးသန္တာထွန်းက အဖွင့်အမှာစကားပြောကြားကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဧည်သည်တော်များနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ပညာရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိသူများကို ဆုများချီးမြှင့်သည်။ ယင်းနောက် ..က ခွဲကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ၊ အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မိချို(ပြန်/ဆက်)