ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer)ထပ်ဆောင်းထိုးနှံပေးလျက်ရှိ

ချောင်းဆုံ ဇန်နဝါရီ ၁၆

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာတွင်ကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ထိရောက်လျက်ရှိခြင်းကြောင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer)ထပ်ဆောင်းထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်ထားသည့် ဦးတည်အုပ်စု အလိုက်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည်အုပ်စုဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများနှင့် အသက် (၅၀)နှစ်အထက် နာတာရှည်ရောဂါခံစားနေရသော ပြည်သူလူထုများအား Pfizer (Bi) (Original/ Omicron VCV) (15/15 micrograms/ dose) အားလည်းကောင်း၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူလူထုများ၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ ကိုယ်ဝန်ဆောင်မိခင်များအား Pfizer (Mono) (Original Strain) (30 micrograms/ dose)အားလည်းကောင်း ထိုးနှံပေးခဲ့ပြီး အဆိုပါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို  ဆေးရုံအခြေပြု၍ ဒေသခံပြည်သူများအား ဦးတည်အုပ်စုများအတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)