(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျိုက်မရော ဖေဖော်ဝါရီ ၁၂

ကျိုက်မရောမြို့နယ်၌ ၂၀၂၄ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပျော်ပွဲရွင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက မြို့မအားကစားကွင်း၌  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

အဆိုပါအားကစားပြိုင်ပွဲများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အားကစားနည်း ၅ မျိုးဖြစ်သည့် လွန်ဆွဲ၊ မီတာ၂၀၀၊ အာလူးကောက်၊ စကောရွက်၊ ဘောလုံးပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွင်စွာ ပါဝင်ဆင်နွဲခဲ့ကြပြီး ပြိုင်ပွဲ၌ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)