မွန်ပြည်နယ်

(၄၁)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ မွန်/မြန်မာ ဝိနယာနုဂ္ဂဟ စာတော်ပြန်ရေးဖြေပွဲကြီး ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၄၁)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံကျောင်းထိုင်ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော မွန်/မြန်မာ ဝိနယာနုဂ္ဂဟ စာတော်ပြန်ရေးဖြေပွဲကြီးကို ယမန်နေ့ နံနက်ပိုင်းက မြို့မ(၄)ရပ်ကွက်ရှိ ဓမ္မရာဇိန်ကျောင်းတိုက်၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့တွင်း စိမ်းလန်းစိုပြေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ လမ်းတိုးချဲ့ဖောက်လုပ်နေမှုနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (မော်လမြိုင်)စာစစ်ဌာနခွဲ၌ စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်)ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများ ချုံနွယ်ပိတ်ပေါင်းများအား စက်ယန္တယားကြီးများဖြင့်လည်းကောင်း၊ အမှိုက်များနှင့် မြက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

မုဒုံမြို့နယ်တွင် စိုက်ပျိုးရေကဏ္ဍအဆင်ပြေပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုကြောင့် နွေစပါးများကို ပိုမိုတိုးချဲ့စိုက်ပျိုးလာ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ချောင်းပိတ်၊ မြောင်းပိတ်နှင့် ဆည်ရေသောက်စနစ်များဖြင့် နွေးစပါစိုက်ဧက (၆၃၈) ဧက စိုက်ပျိုးရန်လျာထားပြီး ယခုအခါ (၁၃၇၆) ဧက စိုက်ပျိုးပြီစီးပြီးဖြစ်၍ လျာထားဧကထက် (၇၃၈) ဧကကို တောင်သူများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုက္ခမီမြို့၊ ဆိပ်ကမ်းသာလမ်း (မြို့ပတ်လမ်း) ဖွင့်ပွဲအခမ်းအနားနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျိုက္ခမီမြို့ ဆိပ်ကမ်းသာလမ်း (မြို့ပတ်လမ်း) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ၉ရက်နေ့ နံနက်ပိုင်း က ကျိုက်က္ခမီမြို့ ဆိပ်ကမ်းသာလမ်း (မြို့ပတ်လမ်း)၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ သည်။

ပေါင်မြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ နေအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ ဈေးများ၊ စာသင်ကျောင်းများ မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

(၇၇) နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ်အကြို ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဖူဆယ်အားကစားပြိုင်ပွဲကို ယမန်နေ့နံနက်က ကျိုက်မရောမြို့နယ် မြို့မအားကစားကွင်းရှိ ဖူဆယ်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများစျေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှတ် (၂) စျေးမြေလွတ်၌ ဆက်လက်ရောင်းချပေးလျက်ရှိသည်။

သံဖြူဇရပ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်ဖေဖေါ်ဝါရီ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လယ်ပိုင်းက (မူလွန်) ကြာကန်တိုးချဲ့ကျောင်း၌ ကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ်တွင် ဆေးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ပြည်သူများဝယ်ယူသုံးစွဲနေသည့် ဆေးနှင့် ဆေးပစ္စည်းများအား ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ရောင်းချရာတွင် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့ စစ်ဆေးခြင်းကို မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်