ပေါင်မြို့နယ်၌ မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ပေါင် မတ် ၁၃

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်တွင် မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့်  ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက်၊ မင်္ဂလာဈေး၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ  ဦးစီးအရာရှိ  ဦးမြတ်ကိုကိုက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သတ်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူး စနစ်တကျအသုံးပြုပုံ မီးငြှိမ်းသတ်နည်း၊ မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ယာဥ်များဖြင့် ပူးပေါင်း လေ့ကျင့်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ၊ ပိတ်မိနေသူများအား ကယ်ထုတ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများအား ရှေးဦးသူနာပြုစုခြင်း စသည့် ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်‌နေခြင်းကို မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)