သထုံမြို့နယ် နောင်ကုလားရှမ်းရွာရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ထီးတော်တင်လှူ၊ တိုင်းရင်းသားရိုးရာ ကြာသင်္ကန်းကပ်လှူပူဇော်
မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားရှမ်းရွာရှိ သီဟိုဠ်ကုန်းသဗ္ဗမင်္ဂလာ ဘေးမဲ့သာသနာပြုကျောင်းဝင်းအတွင်းတည်ထားသော ရွှေဘုန်းပွင့်စေတီတော်မြတ် ထီးတော်တင်လှူပွဲနှင့် ပအိုဝ်းတိုင်းရင်းသားရိုးရာ ကြာသင်္ကန်းကပ်လှူပူဇော်ပွဲ (ဘုရားတက်ပွဲ)ကို အောက်တိုဘာ ၂၈ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။