မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း နည်းပညာတက္ကသိုလ် (မော်လမြိုင်) တွင် Polytechnic University (မော်လမြိုင်) ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှု
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(မော်လမြိုင်)သို့သွားရောက်၍ ဦးစွာရှင်းလင်းဆောင်တွင် နည်းပညာတက္ကသိုလ်(မော်လမြိုင်) ဒုတိယပါမောက္ခချုပ်က Polytechnic University(မော်လမြိုင်)အား ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် လျာထားပြီး လုပ်ငန်းများ၊ အကြီးစား ပြင်ဆင်မှု၊ အသစ်ဆောက်လုပ်မည့် အဆောက်အဦများ၊ လမ်းများ၊ ဘောလုံးကွင်းနှင့် Mech. Workshop၊ အဝင်မုခ်ဦး တည်ဆောက်ခြင်းနှင့် Landscaping ပြုလုပ်ခြင်း ဆောင်ရွက်မည့်အခြေအနေများကို Power Piintဖြင့် ရှင်းလင်းတင်ပြသည်။