ပေါင်မြို့နယ်၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေဂါလံ (၁၀၀၀၀) လှူဒါန်းမှု ပြုလုပ်

ပေါင် မေ ၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေဂါလံ (၁၀၀၀၀)ကို ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်ရှိ ရေရှားပါးသည့်နေရာများတွင် လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှုး ပေါင်မြို့နယ်ဦးစီးမှူးတို့ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊  လူမှုကူညီရေးအသင်းအဖွဲ့တို့က မီးသတ်ရေသယ်ယာဥ်၊ မီးငြှိမ်းသတ်ရေယာဉ်တို့ဖြင့် ဝဲပတန်ကျေးရွာတွင် ရေဂါလံ (၃၂၀၀)၊ အလှပ်ကျေးရွာ ဆယ်အိမ်စုပိုင်းသို့ ရေဂါလံ (၂၄၀၀)၊ ခင်တန်းပိုင်းသို့ ရေဂါလံ (၂၂၀၀)၊ ရွှေသာလျောင်းပိုင်းသို့ ရေဂါလံ (၆၀၀)၊ ချမ်းသာလေးပိုင်းသို့ ရေဂါလံ (၁၆၀၀)၊ စုစုပေါင်းရေဂါလံ (၁၀၀၀၀)ကို အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)