သံဖြူဇရပ်၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အထိမ်းအမှတ် က‌လေးများအား ကာကွယ်‌ဆေးထိုးနှံတိုက်‌ကျွေးခြင်း အခမ်းအနားကျင်းပ

သံဖြူဇရပ် မေ ၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄ ခုနှစ်)အထိမ်းအမှတ် ကလေးများအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးခြင်း အခမ်းအနားကို ယမန်နေ့က အောင်ဇေယျရပ်ကွက်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်က ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့်ကာကွယ်၍ရသော ရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကလေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကြောင်းနှင့် မြို့နယ်အတွင်းဆောင်ရွက်နေမှုအခြေအနေများကိုချပြရှင်းလင်းပြီး ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် "ကလေးများအနာဂတ်လှပဖို့လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့်အသက်ကယ်စို့" ဆောင်ပုဒ်နှင့်အညီ ပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြားသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိမွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး၊ ကလေးတီဘီအစရှိသည့် ရောဂါကာကွယ်ဆေးများကိုထိုးနှံတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြည့်ရှုအားပေး၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)