ချောင်းဆုံ မေ ၂၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၃)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ မေ(၂၈) ရက်နေ့တွင် အခြေခံပညာ (ထက်၊ လယ်၊ မူ) ကျောင်းသား/သူ စုစုပေါင်း (၂၂၉၈၂)ဦး ကျောင်းအပ်နှံ ပြီးစီးပြီဖြစ်၍ လျာထားချက်၏ (၉၀.၅၅)ရာခိုင်နှုန်း ကျောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် မြို့နယ်အတွင်း အခြေခံပညာမူလတန်းအဆင့် (၁၇၃၄၆)ဦး ၊ အလယ်တန်းအဆင့် (၅၅၇၉)ဦးနှင့် အထက်တန်းအဆင့် (၂၅၇၉)ဦး စုစုပေါင်း ကျောင်းသား/သူ (၂၅၅၀၄)ဦး ကျောင်းအပ်လက်ခံနိုင်ရေး လျာထားဆောင်ရွက်ခဲ့ကြောင်း ယနေ့အထိ ကျောင်းသား/သူ (၂၂၉၈၂)ဦး လာရောက်ကျောင်းအပ်နှံခဲ့ပြီးဖြစ်၍ လျာထားချက်၏ (၉၀.၅၅)ရာခိုင်နှုန်း ကျောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်းနှင့် မေ(၂၃)ရက်နေ့မှ ဇွန်(၂)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)