ကျိုက်မရော မေ ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ခေတ်မီရွေ့လျားဓာတ်မှန်စက်ဖြင့် တီဘီရောဂါ အခမဲ့ကွင်းဆင်းကုသပေးခြင်းကို ယနေ့နံနက် ၉ နာရီက ရှင်စောပုရပ်ကွက် အ.မ.က မူလွန်ကျောင်းခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများ လာရောက်ပြသလျက်ရှိကြောင်း သိရသည်။
အဆိုပါတီဘီရောဂါရှာဖွေကုသခြင်းကို မွန်ပြည်နယ်၊ တီဘီတိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာ တင်ကိုကိုထွေး ဦးဆောင်၍ ကျိုက်မရောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းကာ ဒေသခံပြည်သူများအား ခေတ်မီရွေ့လျားဒစ်ဂျစ်တယ်ဓာတ်မှန်စက်ဖြင့် တီဘီရောဂါ ရှိ/ မရှိရှာဖွေစမ်းသပ်ပေးခြင်း၊ ရောဂါရှိသူများနှင့် မိသားစုဝင်များအား ပြန်လည်စစ်ဆေးပေးခြင်းတို့ကို ကျေးရွာနှင့် ရပ်ကွက်များသို့ ကွင်းဆင်းကာ အခမမဲ့ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ လာရောက်စမ်းသပ်ကုသသူ စုစုပေါင်း(၉၂)ဦးတွင် တီဘီဆေးတိုက်ရသူ (၂) ဦးသာရှိသဖြင့် အဆိုပါရောဂါရှိသူများအား သောက်ဆေးများ အခမဲ့ပေးခြင်းနှင့် ၄င်းတို့၏ မိသားစုဝင်များအား အခမဲ့ဓာတ်မှန်ရိုက်ပေးခြင်းများကို စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)