မုဒုံ မေ ၂၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို မေ ၂၃ ရက်နေ့က စတင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၈၉၉၄ ဦး ကျောင်းအပ်နှံပြီးစီးပြီဖြစ်သည်။
ကျောင်းအပ်နှံရာတွင် အခမဲ့ပညာရေးစနစ်ဆိုင်ရာပံ့ပိုးမှုအစီအစဥ် လမ်းညွှန်ချက်များကို မိဘအုပ်ထိန်းသူများသိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ထားရှိပြီး အခြေခံပညာမူလတန်း ၁၉၃၅၃ ဦး၊ အလယ်တန်း ၆၃၉၄ ဦး၊ အထက်တန်း ၃၂၄၇ ဦးအား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဇွန် ၂ ရက်နေ့အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ခံဒေါ်မို့မို့သိန်းက ပြောသည်။
မုဒုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၀၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၅)ကျောင်းကို ဖွင့်လှစ်မည်ဖြစ်ပြီး KG တန်းမှ Grade-12 တန်းထိ ကျောင်းသား/သူ ၃၅၂၁၁ ဦးအထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)