မွန်ပြည်နယ်

ကျိုက်မရောမြို့နယ်၌ မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်ဆိုင်ရာတုန့်ပြန်ဆောင် ရွက်ရေးဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ စနစ်တကျပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့ရန်မျိုးအောင်ရပ်ကွက် အေးမြသာစည်လမ်း၌ မုန်တိုင်းဘေးအန္တရာယ် ​မြေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်ရှိ တောင်သူများ ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံထားရှိရေး ညှိနှိုင်းဆောင်ရွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ တောင်သူများ စိုက်ပျိုးထားသည့်သီးနှံများ သတ်မှတ်မိုးရေချိန်စံညွှန်းထက် ကျော်လွန်ရွာသွန်းခြင်းကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခြင်းအတွက် လျော်ကြေးအကျိုးခံစားခွင့်ရရှိမည့် ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံထားရှိရေးအတွက် မြန်မာ့အာမခံလုပ်ငန်းမှ ယမန်နေ့ နံနက်(၁၀)နာရီက ကျွန်းသာယာခန်းမတွင် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်မီးသတ်တပ်ဖွဲ့မှဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်းကာ ယနေ့နံနက်က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၌ မုန်တိုင်းဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုူံးမှုမဖြစ်ပွားစေရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ယနေ့နံနက်ပိုင်းက ကလွီကျေးရွာ ကမ်းနားဆိပ်တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံစီးပွားမြှင့်တင်ရေးမတည်ထောက်ပံ့ရန်ပုံငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့် ပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် သ/မဦးစီးဌာန၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကျိုက်မရော၌ အခြေခံသမဝါယမအသင်းသားများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေများပေးအပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း (၂)သင်းမှ အသင်းသားများအား နိုင်ငံ့စီးပွားမြှင်တင်ရေး မတည်ထောက်ပံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့ ကွမ်ကဗွီးကျေးရွာရှိ ဒေသခံတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်များထုတ်ချေးပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းက ကွမ်ကဗွီးကျေးရွာနေ တောင်သူများအား ထုတ်ချေးပေးသည်။

မုဒုံမြို့၌ မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ပင်လယ်ဆိပ်ကမ်းနားရှိ ကတုံးပေါ်ကျေးရွာ၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်ပညာသင်ကြားနေမှုအား ကြည့်ရှုအား​ပေး

မွန်ပြည်နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ (၃၄၆၈၀၄)ဦး အပ်နှံပြီးစီးခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းများ တက်ရောက်၍ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်