ကျိုက်မရော၌ အခြေခံသမဝါယမအသင်းသားများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေများပေးအပ်

ကျိုက်မရော ဇွန် ၄

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း (၂)သင်းမှ အသင်းသားများအား နိုင်ငံ့စီးပွားမြှင်တင်ရေး မတည်ထောက်ပံငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှူး  ဒေါ်သန်းသန်းစိုးက မတည်ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အခြေခံသမဝါယမအသင်း (၂)သင်းမှ  အသင်းသားများထံသို့ မတည်ထောက်ပံ့ငွေကျပ် (၁၅၃၅၁၆၀၀၀/-) အား ထုတ်ပေးခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှူး ဒေါ်သန်းသန်းစိုးထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)