သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

သံဖြူဇရပ် ဇွန် ၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နိုင်ငံစီးပွားမြှင့်တင်ရေးမတည်ထောက်ပံ့ရန်ပုံငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ‌မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကျေးရွာစီမံကိန်းကြီးကြပ်ရေးကော်မတီသို့ နိုင်ငံစီးပွားမြှင့်တင်ရေးမတည်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း (၅)သင်း ကျေးရွာ ၇ ရွာအား သမဝါယမဦးစီးဌာနမှ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းအတွက် ငွေကျပ် (၄၁၂၉.၃၂)သိန်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးရွာ ၁ ရွာ မွေးမြူရေးလုပ်ငန်းအတွက် ငွေကျပ် (၄၁၀)သိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာ ၃ ရွာ စိုက်ပျိုးရေးလုပ်ငန်းအတွက် ငွေကျပ် (၂၃၀)သိန်းတို့အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)