မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့မှုပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအခမ်းအနား တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၁)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်တွင်း၊ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများအား မော်လမြိုင်လေဆိပ်တွင် Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox(မျောက်ကျောက်)ရောဂါအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် ဩဂုတ်၁၄ ရက်တွင် သတ်မှတ်ကြေညာခဲ့သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း ပြည်ပနိုင်ငံဖြတ်ကျော် ဝင်ထွက်ပါက်များအပါအဝင် လူထုအတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း တိုးမြှင့်ဆောင်ရွက်ခြင်း၊ သီးခြားထားရှိကုသမှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ စုဆောင်းထားရှိခြင်း၊ ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မော်လမြိုင်လေဆိပ်တွင် ပြည်သူ့ကျန်းမား​ရေးဦးစီးဌာနဝန်ထမ်းများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များက Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ပက်သက်၍ ကိုယ်အပူချိန်တိုင်းတာခြင်း (Mass Thermal Screening)၊ ပြည်တွင်း၊ ပြည်ပ ဆိုက်ရောက်ခရီးသည်များ၏ ကျန်းမာရေးကြေညာချက် (Health Declaration Form) အား ကျန်းမာရေးတာဝန်ရှိသူများက စစ်ဆေးခြင်း၊ ခရီးသည်များအား Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ နှိုးဆော်ထားရှိခြင်း အစရှိသော ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

မော်လမြိုင်မြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါနှင့် ပက်သက်၍ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကျင်းပ

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာနနှင့် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ Mpox(မျောက်ကျောက်)ရောဂါနှင့် ပက်သက်၍ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ KS HOTEL ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန၌ Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေး အသိပညာပေးဟောပြော

လူထုအခြေပြုဗဟိုဌာန (ကျိုက်မရော)၌ Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ပြုလုပ်သည်။

မုဒုံမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံမြို့)တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ပေါင်မြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက်(၄)ခု၌ ဆောင်ရွက်ခဲ့သည်။

သထုံမြို့၊ ဘင်လှိုင်ရပ်ကွက် လူနေအိမ်တစ်လုံး၌ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ အေးမြခိုင်ဈေးလမ်းတွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က လူနေအိမ်တစ်လုံး၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် Mpox (မျောက်ကျောက်) ရောဂါအကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ဘုရင့်နောင်)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက္ခမီမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ကျိုက္ခမီမြို့အခြေခံပညာအထက်တန်းကျောင်း၊ (ပညာ့ဗိမ္မာန်)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ Mpox (မျောက်ကျောက်)ရောဂါအကြောင်း အသိပညာပေး‌ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲများကိုပြုလုပ်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ Mpox(မျောက်ကျောက်) ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်