သံဖြူဇရပ်မြို့နယ်တွင် Mpox (မျောက်ကျောက်) ရောဂါအကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်

သံဖြူဇရပ် သြဂုတ် ၂၇

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ဘုရင့်နောင်)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် သံဖြူဇရပ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းသန့်ဇင်က Mpox (မျောက်ကျောက်) ရောဂါကို ၂၀၂၄ ခုနှစ် သြဂုတ် (၁၄) ရက်နေ့တွင် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အ​ခြေအနေအဖြစ် ကြေညာခဲ့ပြီး မိမိနိုင်ငံ မိမိမြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရန် ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်များ၊ သံသရဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ရောဂါပျိုးရက်စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လူစည်ကားရာ အမှတ်(၁)နှင့် အမှတ်(၂)စျေးအရှေ့သို့ သွားရောက်၍ Mpox (မျောက်ကျောက်) ရောဂါအကြောင်း ဗီနိုင်းပိုစတာများစိုက်ထူခြင်း၊ Mpox (မျောက်ကျောက်)ရောဂါ ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)