ကျိုက်ထို ဩဂုတ် ၂၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲများကို ပြုလုပ်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ Mpox(မျောက်ကျောက်) ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပညာရေးမှူး ဦးမောင်ညိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုးနှင့် ကျန်းမာရေးမှူးအဆင့်(၁)ဦးထွန်းညီညီတို့က Mpox(မျောက်ကျောက်)ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါပျိုးရက်၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခွန်မောင်အိုးနှင့် ကျန်းမာရေးဝန်ထမ်းများက(မျောက်ကျောက်)ရောဂါကာကွယ်ရေး နှိုးဆော်ချက်လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းမောင်