မော်လမြိုင်မြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါနှင့် ပက်သက်၍ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကျင်းပ

မော်လမြိုင် ဩဂုတ် ၂

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာနနှင့် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ Mpox(မျောက်ကျောက်)ရောဂါနှင့် ပက်သက်၍ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ KS HOTEL ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox(မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ အရေး‌ပေါ်အခြေအနေထုတ်ပြန်ချက်၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါပိုးများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများအကြောင်း၊ ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲဖြစ်စဉ်များ၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ လုပ်ငန်းများ၊ သံသယလူနာများအား သီးခြားထားရှိခြင်း၊ ကုသခြင်း၊ ကာကွယ်နိုင်မည့်နည်းလမ်းများနှင့် ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇေယျာထွန်းက မျောက်ကျောက်ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ဟိုတယ်များမှ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအား၊ အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာ မျိုးဇာနည်ဦးက Mpox(မျောက်ကျောက်) ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ကျန်းမာရေးဝန်ထမ်းများက Mpox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)