မွန်ပြည်နယ်ဝန်ကြီးချုပ်မော်လမြိုင်မြို့ရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်များသို့ ကွင်းဆင်းကြည့်ရှု၍ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း
မွန်ပြည်နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာနှင့် ကျောင်းစာကြည့်တိုက်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။