ချောင်းဆုံ စက်တင်ဘာ ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဖွင့်လှစ်သည့် နွားမေထုန်မဲ့သားစပ်သင်တန်း(၃/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးချမ်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားကာ မြို့နယ်(မွေး/ကု)ဦးစီးမှူး ဒေါက်တာနွဲ့နွဲ့ရီက ဌာန၏ဆောင်ရွက်နေသောလုပ်ငန်းများအကြောင်းကို ပြောကြားသည်။
အဆိုပါသင်တန်းတွင် ခရိုင်/မြို့နယ်(မွေး/ကု)ဌာနမှ တာဝန်ရှိသူများက သားစပ်ခြင်းဆိုင်ရာနည်းလမ်းများ၊ မေထုန်မဲ့သားစပ်လုပ်ငန်းသမိုင်း၊ တိရစ္ဆာန်ကိုင်တွယ်ထိန်းချုပ်ခြင်း၊ မျိုးပွားမှုဆိုင်ရာရောဂါများ စသည့်သင်ခန်းစာများကို စက်တင်ဘာလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ (၅) ရက်ကြာ စာတွေ့/လက်တွေ့ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ နွားမွေးမြူရေးလုပ်ငန်းရှင်(၁၀)ဦးတို့မှ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)