မော်လမြိုင် စက်တင်ဘာ ၁၀
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့်အညီ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများအား ပြေစာများအပေါ်အခွန် အမှတ်တံဆိပ်ကပ်နှိပ်ခြင်း အသိပညာပေးရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက M Hotel ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဂျွန်စိန်ဂီက အဖွင့်အမှာစကားပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့်အညီ ဟိုတယ်/တည်းခိုခန်း လုပ်ငန်းရှင်များနှင့်စပ်လျဉ်း၍ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဟိုတယ်/တည်းခိုခန်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)