မွန်ပြည်နယ်

သထုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ (စိန်ကုန်း) အခြေခံပညာမူလတန်း‌ကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။

ပေါင်မြို့နယ် (အ.ထ.က) ဇင်းကျိုက်ကျောင်း၌ ဥပဒေရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.ထ.က) ဇင်းကျိုက်‌ကျောင်း၌ ဥပဒေရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယ‌မန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးများ ဈေးနှုန်းမှန်ကန်ရေးနှင့် သက်တမ်းလွန်အစားအစာများ ရောင်းချခြင်းမရှိရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သဖြူဇရပ်မြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးများကို ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေးနှင့် သက်တမ်းလွန်အစားအစာများ ရောင်းချခြင်း ရှိ/မရှိအား မော်လမြိုင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်‌ကဲ‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် မြမာလာကျေးရွာရှိ အစားအသောက်အရောင်းဆိုင်များ၌ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် ဒီဂျစ်တယ်ဓာတ်မှန်စက်ဖြင့် နယ်လှည့်အဆုတ်နှင့် ရင်ခေါင်းဆိုင်ရာတီဘီရောဂါ ရှာဖွေကုသပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ရဟန်းရှင်လူပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန် မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ဒီဂျစ်တယ်ဓာတ်မှန်စက်ဖြင့် နယ်လှည့်အဆုတ်နှင့် ရင်ခေါင်းဆိုင်ရာတီဘီ ရောဂါရှာဖွေကုသခြင်းအား ယမန်နေ့ နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်ဘောဂနာအရှေ့ပိုင်းဓမ္မာရုံ၌ စစ်ဆေးကုသပေးခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ရေပြန်လည်ကျဆင်းသွားမှု‌ကြောင့် ရန်ကုန်-မော်လမြိုင် သွားကားလမ်း ပုံမှန်ဖြတ်သန်းသွားလာနိုင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ (၁၁) ရက်နေ့နံနက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော့ထင်းကျေးရွာအုပ်စု၊ ရန်ကုန် - မော်လမြိုင် သွားကားလမ်း မိုင်တိုင်အမှတ် (၁၀၆/၂) နှင့် (၁၀၆/၃) အကြား ရေ (၄) လက်မခန့်၊ လမ်းအရှည် (၄၀၀) ပေခန့်နှင့် မိုင်တိုင်အမှတ် (၁၀၆/၆) နှင့် (၁၀၆/၇) အကြား ကားလမ်းမကြီးပေါ်တွင် ရေ (၄) လက်မခန့်၊ လမ်းအရှည် (၃၀၀)ပေခန့် ကားလမ်းရေကျော်မှုဖြစ်ပွားခဲ့သည်။

ကျိုက်မရော၌ နွား မေထုန်မဲ့သားစပ်သင်တန်း ( ၅/၂၀၂၄)ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နွား မေထုန်မဲ့သားစပ်သင်တန်းအမှတ်စဥ် (၅/၂၀၂၄)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသင်တန်းခန်းမ၌ ပြုလုပ်သည်။

မုဒုံမြို့နယ်၌ အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့် (၁) သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် မုဒုံမြို့နယ်၌ အမျိုးသားအဆင့်ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့် (၁)နှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဥ်(၁၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်၁၀ နာရီအချိန်က နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)ရှိ စိုက်ပျိုးရေးအသက်မွေးမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

သထုံမြို့ မူလတန်းကြိုကျောင်း၌ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

သထုံမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်ခန့်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအ‌ဝေးနှင့် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးရှောင်စခန်း(၃)ခုဖွင့်လှစ်ထားရှိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင်စခန်း (၃) ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်၌ နွားမေထုန်မဲ့ သားစပ်သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွန်ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် နွားမေထုန်မဲ့သားစပ်သင်တန်း (၄/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ်မွေးမြူရေးနှင့်ကုသရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်