ပေါင်မြို့နယ် Community Centre ခန်းမ၌ စာဖတ်ရှိန်မြင့်တင်ရေး အားကစားလှုပ်ရှားဆောင်ရွက်မှု နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ပေါင် စက်တင်ဘာ ၁၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အားကစားလှုပ်ရှားဆောင်ရွက်မှု နံရံကပ်စာစောင်ပြသခြင်းကိုယနေ့ မွန်းလွဲ(၁)နာရီက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အားကစားလှုပ်ရှားဆောင်ရွက်မှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြား၍ ကျောင်းသား၊ ကျောင်းသူများက အားကစားပြိုင်ပွဲကိုစတင်ခဲ့ရာ စစ်တုရင်ပြိုင်ပွဲနှင့် ခါးလှည့်ကွင်းအားကစားလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများ အသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့်အသိပညာပေးနံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့‌ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)