မွန်ပြည်နယ်

သထုံမြို့နယ်၊ နောင်ကုလားရှမ်းရွာ အ‌ခြေခံပညာအထက်တန်း‌ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက နောင်ကုလားရှမ်းရွာ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုမြို့နယ် အ.မ.က(ကျားတဲ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ(၃)ရက် နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ဖက္ကလိပ်ကျေးရွာရှိ အ.မ.က(ကျားတဲ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့် စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT)ထိုးနှံပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်းအခြေပြု၍ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)နှင့် ဆုံဆို့၊ မေးခိုင်(DT)ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့သည်။

သံဖြူဇရပ်မြို့နယ်၌ အသက်(၁၆)နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အသက်(၁၆)နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

မော်လမြိုင်မြို့ အမှတ်(၅)အခြေခံပညာကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကျိုက်မရောမြို့ သိမ်ဖြူကုန်းကျေးရွာ ပညာဗိမာန်စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသား လူငယ်များ စာအုပ်၊ စာပေများကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်စေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက သိမ်ဖြူကုန်းကျေးရွာ(ပညာဗိမာန်)စာကြည့်တိုက် အဆောက်အအုံသစ် ရှေ့၌ ကျင်းပသည်။

မော်လမြိုင်မြို့နယ် သမဝါယမဦးစီးဌာန၌ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ သမဝါယမ မွမ်းမံသင်တန်းဖွင့်လှစ်

ပြည်နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာန (မော်လမြိုင်မြို့)က ကြီးမှူး၍ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ သမဝါယမမွမ်းမံသင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ (၂၆)ရက် နံနက်(၉)နာရီက မော်လမြိုင်မြို့နယ် သမဝါယမဦးစီးဌာန၌ ကျင်းပခဲ့ပါသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်‌တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (မော်လမြိုင်)တို့တွင် အခြေခံစားသောက်ကုန် ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေး

မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ဘီးလင်းမြို့၊ အ.မ.ကအင်းဝိုင်းကုန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာ စောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့နံနက်ပိုင်းက အ.မ.ကအင်းဝိုင်းကုန်းကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်