မော်လမြိုင်မြို့နယ် သမဝါယမဦးစီးဌာန၌ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ သမဝါယမ မွမ်းမံသင်တန်းဖွင့်လှစ်

မော်လမြိုင် ဒီဇင်ဘာ ၄

ပြည်နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာန (မော်လမြိုင်မြို့)က ကြီးမှူး၍ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ သမဝါယမမွမ်းမံသင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ (၂၆)ရက် နံနက်(၉)နာရီက မော်လမြိုင်မြို့နယ် သမဝါယမဦးစီးဌာန၌ ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်သမဝါယမဦးစီးဌာနမှ လုပ်ငန်းစစ်ဆေးရေး ဦးစီးအရာရှိ ဒေါ်အေးန္ဒာဟန်က အမှာစကားပြောကြားပါသည်။ ယင်းနောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြတ်မြတ်မွန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပါသည်။ မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများအား အသင်းကိုယ်တိုင် စာရင်းရေးဆွဲနိုင်ရေးအပြင် ဦးစီးဌာနမှ လက်ရှိလုပ်ကိုင်နေသောလုပ်ငန်းများ၊ သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများ သမဝါယမဘာသာရပ်များအား ဆွေးနွေးသင်ကြားပေးမည်ဖြစ်ပါသည်။

အဆိုပါ အသင်းအမှုဆောင်များနှင့် အသင်းဝန်းထမ်းများ သမဝါယမွမ်းမံသင်တန်းကို (၂၆-၁၁-၂၀၂၄)မှ (၂၈-၁၁-၂၀၂၄) ရက်ထိ နံနက်(၉:၀၀)မှ ညနေ(၁၅:၄၅)နာရီအထိ ဖွင့်လှစ်သင်ကြားပေးပြီး မြို့နယ်သမဝါယမဦးစီးဌာနလက်အောက်ရှိ အခြေခံသမဝါယအသင်းများအား အသင်းကိုယ်တိုင်စာရင်းရေးဆွဲနိုင်ရေးအတွက် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)