သံဖြူဇရပ်မြို့နယ်၌ အသက်(၁၆)နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

သံဖြူဇရပ် ဒီဇင်ဘာ ၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အသက်(၁၆)နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

​ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး​အောင်မိုးလွင်က အဖွင့်အမှာစကား​ပြောကြားပြီး အဆိုပါ အားကစားပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၇)ကျောင်းမှ အသင်းလိုက်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ၊ ပြိုင်ပွဲကာလမှာ ဒီဇင်ဘာ ၃ ရက်နေ့ မှ ၁၂ ရက်နေ့အထိ ၊ နေ့စဉ်နံနက်ပိုင်းနှင့် မွန်းလွှဲပိုင်းတို့တွင် နှစ်ပွဲစီယှဥ်ပြိုင်သွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများ ပြုလုပ်​နေစဥ်တွင် လုံခြုံရေးကို မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့လုံခြုံ​ရေးအဖွဲ့များ၊ ပညာရေးဌာနဝန်ထမ်းများဖြင့်ပေါင်းစပ်၍ နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)