မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်း ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်ရေးအတွက် GDP ကုန်ထုတ်မြင့်မားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်အတွင်း ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်ရေးအတွက် GDP ကုန်ထုတ်မြင့်မားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်သည်။

သံဖြူဇရပ်မြို့နယ်ရှိ မြန်မာ့စိန်လင်းသစ်ခွဲသားစက်ရုံအား မီး​ဘေးအန္တရာယ်ကင်းဝေးစေရေးစစ်‌ဆေး​ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်ရုံအလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့ဝဲကလိ​ကျေးရွာရှိ မြန်မာ့စိန်လင်းသစ်ခွဲသားစက်ရုံအား သွား​ရောက်စစ်​ဆေးခဲ့ကြသည်။

မုဒုံမြို့၌ ဆောင်းသီးနှံ (နေကြာ)စီမံကိန်းပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကွင်းသရုပ်ပြပွဲပြုလုပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဆောင်းသီးနှံ(နေကြာ) စီမံကိန်းပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့မှ တောင်သူများနှင့် ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခြင်း၊ ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျောက်တလုံးကျေးရွာ ကွင်းအမှတ်(၈၂၈)ရှိ ဘုရားကျောင်းကွင်း၌ ပြုလုပ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားတက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို  နိုဝင်ဘာ ၂၈ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်တရားလွှတ်​တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

သထုံမြို့နယ်၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းက သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ အ.ထ.က(ကျိုက္ကော်)ကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့ အ.ထ.က(ငါးဘတ်ချောင်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး  လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(ငါးဘတ်ချောင်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်၌ စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်​ရေး ကျိုက္ခမီ(မြို့မ)စာကြည့်တိုက် ​ပြန်လည်ပြုပြင်နေမှုအား ကွင်းဆင်း​​ဆောင်ရွက်

နိုင်ငံ​တော်အစိုးရမှ မြန်မာတစ်နိုင်ငံလုံးရှိ စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်​ရေးနှင့် လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်​ရေးကို ​ဆောင်ရွက်​ပေးလျက်ရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်​ရေးအတွက် ယနေ့မန်မွန်းလွဲပိုင်းက ကျိုက္ခမီ(မြို့မ)စာကြည့်တိုက် ပြန်လည်ပြုပြင်နေမှုအား ကွင်းဆင်း​ကြည့်ရှုစစ်​ဆေး ဆောင်ရွက်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ် မူလွန်(၂)မြောက်ပိုင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက် (၁၀)နာရီအချိန်က ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ မူလွန်(၂) မြောက်ပိုင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြ‌သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က  အ.မ.က(ဇကားဝါ)ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။

ကျိုက်မရော၌ အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်ကြောင်းဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ကျိုက်မရောမြို့နယ်၌ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် အ​ခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်ကြောင်းဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်က ကျိုက်မရောမြို့  အ.ထ.က ကျောင်း(ပညာအားမာန်)ခန်းမ၌ ပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်