မွန်ပြည်နယ်

ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းကာ မြန်မာ့ရိုးရာသနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် အကြိုလှုပ်ရှားဆောင်ရွက်မှုအနေဖြင့် ယနေ့နံနက် (၁၁)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်  မြန်မာ့ရိုးရာသနပ်ခါးနေ့ လှုပ်ရှားမှုဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့၌ လူငယ်များစဉ်းစားတွေးခေါ်မှုမြင့်မားစေရန် စစ်တုရင်သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစစ်တုရင်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဆရာတော် ဘဒ္ဒန္တက္ကန္ဒဝံသမဟာထေရ်တော်မြတ်ကြီး၏ ရုပ်ကလပ်တော်အားဖူးမြော်

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်မြို့  ခြင်္သေ့ကျောင်း၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ကမာဝက်တိုက်နယ် ရွှေကျင်ဂိုဏ်းဥက္ကဋ္ဌ၊ ရတ္တမဟာနာယက  ကျိုက်တမော့တောင်ပေါ်ကျောင်း ဆရာတော်ဘဒ္ဒန္တဣန္ဒဝံသမဟာထေရ်၊ သက်တော် (၉၃)နှစ်၊ သိက္ခာတော် (၇၄)၏ ရုပ်ကလာပ်တော်အား ယမန်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ ဖူးမြော်ကန်တော့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဈေး မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၅ခုနှစ် စျေးမီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အောက်လမ်းမကြီး အမှတ်(၁) ဈေးကြီးအတွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ဈေးသူ၊ ဈေးသားများနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းတွင်ပါဝင်သော တပ်ဖွဲ့/ဦးစီးဌာန၊ အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ်၊ (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် အားကစားကဏ္ဍ ​တိုးတက်အောင် မြင်မှုရှိ​စေ​​ရေးနှင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် အားကစားသမားများကို ​ပြုစုပျိုး​ထောင်​​မွေးထုတ်​ပေးနိုင်​ရေးအတွက် ၂၀၂၅ ခုနှစ်၊ (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ​မတ်လ ၈ ရက်​နေ့၊ ည​နေပိုင်းက၊ ​မော်လမြိုင်မြို့၊ ရာမည အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ​ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များမှ ​မော်လမြိုင်တက္ကသိုလ် ဘောလုံးအသင်းနှင့် ​​နည်းပညာတက္ကသိုလ် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်​ကစား​​နေမှုအား ကြည့်ရှုအား​ပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၅) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

မော်လမြိုင်မြို့နယ် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မြန်မာ့ သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်း ဖြင့် မြန်မာ့ရိုးရာအမွေအနှစ်ဆင်ယင်ထုံးဖွဲ့မှု ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအားလုံးပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့လှုပ်ရှားမှုအထိမ်းအမှတ် မြန်မာသနပ်ခါးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးဘေးကြောင့် ပျက်စီးဆုံးရှုံးမှုမှကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးမျိုးဇော်ဦးနှင့်ဝန်ထမ်းများက မတ်လ(၇)ရက်နေ့က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံရေး ဦးစီးဌာနရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၌ မဲစာရင်းမှန်ကန်ရေးနှင့် မြေပြင်လူဦးရေစိစစ်အတည်ပြုနိုင်ရေး မြေပြင်စိစစ်မည့်လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှကြီးမှူး၍ မဲစာရင်းမှန်ကန်ရေးနှင့် မြေပြင်လူဦးရေစိစစ် အတည်ပြုနိုင်ရေး မြေပြင်စိစစ်မည့်လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာဝန်ကြီးများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆေးကုသပေးနေမှုကြည့်ရှုအားပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ယမန်နံနက်ပိုင်းက ၂၀၂၅ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး (ကုတင်၅၀၀)၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများသည် အသက် (၅၀)နှင့်အထက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စွမ်းစွမ်းတမံ ‌‌ ဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့) ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းကို မော်လမြိုင်ပြည်သူ့ ဆေးရုံကြီး (ကုတင်၅၀၀)၌ ဆောင်ရွက်ပေးနေမှု အပေါ်ကြည့်ရှုအားပေးခဲ့သည်။
Subscribe to မွန်ပြည်နယ်