ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုဆောင်ရွက်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းကာ မြန်မာ့ရိုးရာသနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် အကြိုလှုပ်ရှားဆောင်ရွက်မှုအနေဖြင့် ယနေ့နံနက် (၁၁)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် မြန်မာ့ရိုးရာသနပ်ခါးနေ့ လှုပ်ရှားမှုဆောင်ရွက်ခဲ့ကြသည်။