သံဖြူဇရပ် ဩဂုတ် ၁၉
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့စက်သစ် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းအားကစား ဘောလုံးပြိုင်ပွဲကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာအခမ်းအနားကို အကအလှများဖြင့်ဖွင့်လှစ်ပြီး စစ်ကြောင်းမှူးက ဦးဆောင်၍ ကျောင်းကောင်စီအသင်း(၅)သင်းမှ အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဖြိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုအားကစားပြိုင်ပွဲသည် ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန် အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန်နှင့် ကျန်းမာသန်စွမ်းသော အားကစားသမားကောင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး စစ်ကြောင်းမှူးကဦးဆောင်ကာ အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ပထမပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)