ကျိုက်မရောမြို့နယ်၌ (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းအတွက် အလှူငွေများပေးအပ်

ကျိုက်မရော သြဂုတ် ၁၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်း အထောက်အကူပြုရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်က အ.ထ.က(ခွဲ)ကျိုက်မရောကျောင်းခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက်မှ သာသနာပြုအကျော် ၁၅ ဘွဲ့ရ ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသထံမှ ငါးပါးသီလခံယူပြီး အ.ထ.က(ခွဲ)ကျိုက်မရောကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိုးသန္တာထွန်းက အလှူငွေများကို (YMBA) အသင်းသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)