ချောင်းဆုံမြို့နယ် ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်းဆောင်ရွက်နေမှုအခြေအနေအား မော်လမြိုင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မှ ကွင်းဆင်းစစ်ဆေး

ချောင်းဆုံ ဩဂုတ် ၁၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍ နေ့စဉ်လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်း၊ တံတားများ တည်ဆောက်ပေးလျက်ရှိရာ မော်လမြိုင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နေခြည်ဦးနှင့် တာဝန်ရှိသူများက ယမန်နေ့က ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို တာဝန်ရှိသူများမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မော်လမြိုင်ခရိုင်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်းအတွင်း၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် တောင်ဆင်းတောင်တက်လမ်း အကွေ့များသောနေရာများတွင် (၂လက်မ ၄လက်မ ကျောက်ထုအခြေခံလွှာခင်းခြင်း) လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)