မွန်ပြည်နယ်

မုဒုံမြို့နယ်တွင် ဒေသထွက် မင်းဂွတ်သီးများ စပေါ်ချိန် ဈေးကောင်းရရှိ

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ရာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သည့် မင်းဂွတ်သီးများ စတင်ထွက်ရှိချိန် ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

မုဒုံမြို့နယ်တွင် ဂန္ဓမာပန်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူများ နေ့စဥ်ပုံမှန်ဝင်ငွေရရှိ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ခိုက်ကျေးရွာတွင် ဂန္ဓမာပန်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများ နေ့စဥ်ပုံမှန်ဝင်ငွေရရှိနေကြောင်း သိရသည်။ “ပန်းပျိုးပင်များကို တစ်လကြာ ပျိုးထားပြီးတော့၊ စစိုက်တဲ့အချိန်ကနေ နှစ်လခန့်အကြာမှာ နုတ်ယူရောင်းချနိုင်ပါတယ်၊ စိုက်ခင်းထဲမှာ ပန်းပင်သုံးသောင်းကျော် စိုက်ပျိုးတဲ့ ကုန်ကျစရိတ်က ကျပ်သုံးသိန်းဝန်းကျင်ရှိပါတယ်။ တစ်ရက်ကို ပန်းရောင်းရငွေ ကျပ်သုံးသောင်းနီးပါးရှိပါတယ်။ ဂန္ဓမာပန်းတွေမှာ တစ်ရိုးတစ်ပွင့်ပန်းနဲ့ အခိုင်လိုက်ထားတဲ့ ပန်းဆိုပြီး နှစ်မျိုးရှိပါတယ်၊ ဂန္ဓမာ၊ ကြွေဖြူ၊ ရွှေဝါ စတဲ့ ဂန္ဓမာပန်းအမျိုးအစားတွေကို အဓိကစိုက်ဖြစ်ပါတယ်။ မိုးတွင်းအချိန်မှာဆို ပန်းပင်တွေကို အမိုးမိုးပြီးစိုက်ရတဲ့အတွက် အမြတ်နည်းပါတယ်၊ နွေရာသီမှာတော့ ရေပြဿနာကြောင့် နည်းနည်းပါးပါးပဲ စိုက်ပါတယ်၊ အခုလိုရာသီမှာ ပန်းအထွက်များပြီး စိုက်ရတာအဆင်ပြေပါတယ်” လို့ပန်းစိုက်တောင်သူ ဦးဝင်းဌေးကပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းပေါ်ရှိ ဦးဇိနဘုရားအနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မော်လမြိုင်မြို့ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများသည် ယမန်နေ့နံနက်ပိုင်းက တောင်ရိုးတန်းလမ်း၊ ဦးဇိနဘုရားအနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ မိုးစပါးမျိုးစေ့ချကိရိယာ (seeder) ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ စပါးအထွက်နှုန်းတိုးပွားလာရေး မျိုးစေ့ချကိရိယာ (seeder) ဖြင့် စိုက်ပျိုးကြရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက နတ်မှော်ကျေးရွာ ကွင်းအမှတ်(၆၃)နှင့် ပလိုင်ဝမ်းကွင်းအမှတ်(၆၁၃)တို့ရှိ မိုးစပါးစိုက်ဧက(၅)ဧကတွင် အောင်နိုင်တိုးမျိုးစပါးအား မျိုးစေ့ချကိရိယာ (seeder)ဖြင့် မျိုးစေ့ချကွင်းသရုပ်ပြစိုက်ပျိုးပွဲကို ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်တွင် အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ သောက်သုံးရေများ လိုက်လံလှူဒါန်း

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ရေအခက်အခဲဖြစ်ရာ နေရာများအား အကြင်နာတွဲလက် လူမှုကူညီရေးပရဟိတအသင်းမှ အများပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် သောက်သုံးရေများ လိုက်လံလှူဒါန်းလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့၌ တောင်သူများအား အောင်နိုင်တိုးအထွက်တိုးမျိုးစပါးများ ပေးအပ်ပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း (၇) သင်းမှ အသင်းသားတောင်သူများထံသို့ အထွက်တိုးမျိုးစပါး (အောင်နိုင်တိုး) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အသင်းစုလီမီတက် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုစာဖတ်စွမ်းရည် ပြိုင်ပွဲယှဉ်ပြိုင်နေမှုကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်၊ လင်းရောင်ခြည်စာကြည့်တိုက်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

မုဒုံမြို့၌ နွေစပါးသီးနှံအထွက်ကောင်း မျိုးယှဥ်ပြိုင်စမ်းသပ်ခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နွေစပါးသီးနှံအထွက်ကောင်း မျိုးယှဥ်ပြိုင်စမ်းသပ်ခြင်း သုသေသနစမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဗဟိုမျိုးသန့်ခြံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းဆုံ အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကြည့်ရှုအားပေး၊ သီရိမြိုင်ရပ်ကွက်အတွင်း၌ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်​နေမှုကွင်းဆင်းစစ်ဆေး  

မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းဆုံ အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  ချောင်းဆုံမြို့နယ်ရှိ မျိုးမြင့်ဝက် မွေးမြူရေးလုပ်ငန်းနှင့် ကျွဲလမ်းတူးမြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရန် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွမ်သဲကျေးရွာရှိ မျိုးမြင့်ဝက်မွေးမြူရေးခြံနှင့် ဘိုးနက်ကျေးရွာကျွဲလမ်းတူးမြောင်း တူးဖော်ခြင်းလုပ်ငန်းများအား  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်