ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကျင်းပ

ချောင်းဆုံ ဩဂုတ် ၂၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ထူးချွန်သည့်မျိုးဆက်သစ်အားကစားသမားကောင်းများပေါ်ထွန်းလာစေရေးအတွက် အသက် (၁၂)နှစ်အောက် ကျောင်းသားအမျိုးသားဘောလုံးပြိုင်ပွဲ ဩဂုတ်လ(၁)ရက်နေ့ကစတင်၍ မြို့နယ်မီတာ(၄၀၀)အားကစားကွင်းတွင်ကျင်းပလျက်ရှိရာ ဩဂုတ် (၂၀)ရက်နေ့ ညနေပိုင်းတွင်(ချောင်းဆုံဇုံ)အသင်းနှင့် (မုဒွန်းဇုံ)အသင်းတို့ ဆီမီးဖိုင်နယ်ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၅ ခုနှစ် အသက်(၁၂)နှစ်အောက် ကျောင်းသားအမျိုးသားဘောလုံးပြိုင်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့မှပူးပေါင်းကာကျင်းပခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ဇုံအလိုက်အသင်း (၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မုဒွန်းဇုံအသင်းမှ ချောင်းဆုံဇုံအသင်းအား(၁)ဂိုး ဂိုးမရှိဖြစ်အနိုင်ရရှိခဲ့ပြီး ဩဂုတ်လ(၂၁)ရက်နေ့တွင် ဗိုလ်လုပွဲစဉ်အဖြင့် ကလွီဇုံ အသင်းနှင့်မုဒွန်းဇုံအသင်းတို့မှ ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)