ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာတွင် စုမြတ်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ကျိုက်ထို ဩဂုတ် ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာ စုမြတ်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်၏(၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ် နှစ်ပတ် လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျိုက်ပိကျေးရွာ စုမြတ်လယ်/ထွေအသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စုမြတ်လယ်/ထွေသမအသင်းဥက္ကဋ္ဌ(သဘာပတိ)ဦးသက်နိုင်ထွန်းကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီးမှူးဒေါ်စုမြတ်မွန်က အသင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စုမြတ်လယ်‌/ထွေသမအသင်း၏အမှု‌ဆောင်အဖွဲ့အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့်အသင်းသားစာရင်းစစ်အဖွဲ့အစီရင်ခံစာများအား သမဝါယမဦးစီးဌာနမှ ဒေါ်အိနှင်းဖြူကဖတ်ကြားပြီး သဘာပတိဦးသက်နိုင်ဦးက အသင်းသားများထံမှအတည်ပြုချက်ရယူကာ နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်းသိရသည်။

ကျိုက်ထို(ပြန်/ဆက်)