ချောင်းဆုံမြို့နယ်၌ အာဟာရဖွံ့ဖြိးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ချောင်းဆုံ ဩဂုတ် ၂၀

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မြို့နယ်အဆင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး အသိပညာပေးခြင်၊ အာဟာဖြည့်ဆေးဝါးနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသူဇာဝင်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးမာဝင်းက အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပညာပေးရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအား အာဟာရဖြည့်ဆေးဝါးများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် ခင်ကျင်းပြသထားသည့် အာဟာရသရုပ်ပြထားရှိမှုများအား တာဝန်ရှိသူများမှ အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခြင်းနှင့် သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)