ဘီးလင်းမြို့၊ အ.မ.က (ချောင်းပြန့်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်လှုပ်ရှားမှုလုပ်ငန်းဆောင်ရွက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့မွန်းလွဲပိုင်းက အ.မ.က (ချောင်းပြန့်) ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။