မွန်ပြည်နယ်

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး တောင်တော်အပ်နှံပွဲနှင့် ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး တောင်တော်အပ်နှံပွဲနှင့် ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်ထီးရိုးစေတီရင်‌ပြင်တော် မှန်လုံဆောင်၌  ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များ၊ အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်းနှင့် မျိုးစပါးပေးအပ်ခြင်း အခမ်းအနားတက်ရောက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ မြေဆီလွှာဖွံ့ဖြိုး၍ နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပြီး အထွက်တိုးစေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်းနှင့် မျိုးစပါးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲအချိန်က နတ်မှော်ကျေးရွာ ဦးပိုင်အမှတ် (၁/၂)၊ ၇၇၉(က)ကော့တာ(က)ကွင်းတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မော်လမြိုင်မြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ Solar System လှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

မော်လမြိုင်မြို့ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၌ တက်ရောက် ကုသနေသော လူနာများ ဆေးကုသမှုခံယူရာတွင် အဆင်ပြေစေရန်အတွက် လူနာဆောင်များ၊ ခွဲစိတ်ခန်းများတွင် လိုအပ်သော လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေးအတွက် ကျပ်သိန်း (၉၃၃၁၀၀၀၀) (ကိုးရာသုံးဆယ့် သုံးသိန်း တစ်သောင်းတိတိ) တန်ဖိုးရှိ Solar System အား လှူဒါန်းပေးပါသော အလှူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမျိုးသမီးနှင့်ကလေးဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၌ မိုးစပါး အထွက်နှုန်းတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မွန်ပြည်နယ်အတွင်း သမဝါယမအသင်းများအနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အထွက်တိုးမျိုးစပါးများ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို မေ ၈ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ် Community Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနCommunity Centre ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက်(၁၀)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက် (၄) ခု၌ ဆောင်ရွက်ခဲ့သည်။

သထုံမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှဦးဆောင်၍ ၂၀၂၅ ခုနစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်က အောက်ကျင်းရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ် သမဝါယမဦးစီးဌာန၌ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်းများမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သထုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်းသား တောင်သူများအား အထွက်တိုးမျိုးစပါးများ ပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်သမဝါယမအသင်းစုမှ ယခုနှစ်မိုးစပါးစိုက်ရာသီ၌ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်းသား တောင်သူများထံ အထွက်တိုးမျိုးစပါးများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ သမဝါယမအသင်းစုရုံး၌ ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်