မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲဆုပေးပွဲ အခမ်းအနား တက်ရောက်

 မော်လမြိုင် ဩဂုတ် ၂၃

၂၀၂၅-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ (၉)ဦးတွဲ အသင်းလိုက် ပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများ၏ သရုပ်ပြသနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ ဦးစွာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ထံ ဂုဏ်ပြုချီးမြှင့်ငွေ‌ ပေးအပ်ခဲ့ပြီး တစ်ဦးချင်း၊ (၃)ဦး အဖွဲ့လိုက်နှင့် (၉)ဦးအသင်းလိုက် ပြိုင်ပွဲတွင် ဒုတိယ၊ တတိယဆုရရှိသော အားကစားသမားများအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တစ်ဦးချင်းဆုနှင့် ငွေသားဆုကိုလည်ကောင်း၊ (၉)ဦး အသင်းလိုက် ပြိုင်ပွဲတွင် ပထမဆုရရှိ‌သော ပေါင်မြို့နယ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)