မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် မဟာကန်တော်ကြီး သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတက်ရောက်
မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန်၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်၍ ငါးထုတ်လုပ်မှု တိုးတက်လာစေရန်နဲ့ ငါးမျိုးများ ပွားများလာစေရန် ရည်ရွယ်ပြီး မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ဇွန်လ (၁၈) ရက်နေ့ နံနက်(၈)နာရီက ချောင်းဆုံမြို့နယ် ချောင်းဆုံအနောက်ရပ်ကွက် မဟာကန်တော်ကြီး သဘာဝ ကန်ရေပြင်မှာပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီများ တက်ရောက်ခဲ့သည်။